20 October 2026 ______ Virtual Meeting
မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် Inbound ခရီးသွားဈေးကွက် ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ (Myanmar-China Tourism Promotion Working Group) ၏ အွန်လိုင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၇ ခုနှစ်၊ မေလအတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပမည့် ITB China ခရီးသွားပြပွဲ တွင် ပြခန်းဖြင့် ပါဝင်ပြသရေးနှင့် တရုတ်ပြည်တွင်း Digital Marketing ကမ်ပိန်းများ ဖြစ်သည့် WeChat Official Account နှင့် Short Video များမှတစ်ဆင့် မြန်မာနိုင်ငံရှိ ခရီးစဥ်ဒေသများအား ကြော်ငြာသွားနိုင်ရေး အပါအဝင် အသုံးပြုသွားမည့် ခန့်မှန်း ဘတ်ဂျက်တို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်ပြည်နယ်များမှ Follower များပြားသော လူငယ် Influencers များနှင့် မီဒီယာများကို ဖိတ်ခေါ်၍ ပုဂံ၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး စသည့် ခရီးစဉ်ဒေသများသို့ စေလွှတ်ကာ FAM Trip လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်းဖြင့် နေ့စဉ် ဗီဒီယို Clip များ ရိုက်ကူးထုတ်လွှင့်သွားရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ လေကြောင်းလိုင်းများနှင့် ခရီးသွား အေဂျင်စီများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

