Loading

08 July 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီတွင် (၁/၂၀၂၄) စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ အဖွဲ့ချူပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ချုပ်မှ ဘဏ်အကောင့်အသစ်များ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးများ အလှည့်ကျရုံးတက်၍ ရုံးလုပ်ငန်းများ လျှင်မြန်စွာလုပ်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ပေးပို့လာသော အလုပ်အမှုဆောင် အမည်စာရင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ(၄)နာရီတွင် ရုတ်သိမ်းခဲ့သည်။