Loading

11 July 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)၏ အလုပ်အမှုဆောင်သစ်များအား လက်ခံတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားကာ ယခုလို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) အလုပ်အမှုဆောင်သစ်များမှ လာရောက်တွေ့ဆုံသည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ အဖွဲ့ချုပ်တည်ထောင်ပြီးနောက်ပိုင်း ယခုလို လာရောက်မိတ်ဆက်တွေ့ဆုံခြင်းသည် ပထမဦးဆုံးဖြစ်ပါကြောင်း၊ ခရီးသွား ကဏ္ဍကြီး ရှင်သန်ဖွံ့ဖြိုးနေဖို့အတွက် ကြိုးပမ်းကြရာတွင် အရောင်အသွေးများမပါဝင်ပဲ အတူတကွ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ခရီးသွား ကဏ္ဍမှ နိုင်ငံကို အကျိုးပြုဖို့၊ အလုပ်အကိုင်များရရှိဖို့အတွက် ရည်ရွယ်ကာ အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊ ၄င်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ်များမှ တစ်ဦးချင်းမိတ်ဆက်ကာ အသင်း ဥက္ကဋ္ဌမှ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးရန်ဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များအားလုံး ယခုလိုလက်ခံတွေ့ဆုံသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပထမဦးဆုံးအနေဖြင့် ကျနော်အပါအဝင် UMTA ၏ ရွေးချယ်တင်မြှောက်ထားသော အလုပ်အမှုဆောင်သစ်များနှင့် MTF သို့ ရင်းရင်းနှီးနှီးလာရောက်တွေ့ဆုံမိတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ နောက်တခုအနေဖြင့် UMTA ၏ လုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် နောင်လာမည့် (၂၀၂၅-၂၀၂၆)ခုနှစ်များတွင် ဆက်လက်ဆောင်ရွက်သွားမည့် Action pan များအား ကျနော်တို့ရဲ့ မိခင် Association ကြီးတခုဖြစ်တဲ့ Myanmar Tourism Federation ကို လာရောက်တင်ပြပြီး လမ်းညွှန်မှုခံယူခြင်းဖြစ်ပါကြောင်းပြောကြားကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပြီး တွေ့ဆုံပွဲအခမ်းအနားအား ညနေ (၃း၃၀)တွင် ရုတ်သိမ်းခဲ့သည်။