Loading

23 July 2024 _____ Hybrid Meeting
Tourism Master Plan ပြန်လည်ရေးဆွဲနိုင်ရေးဆိုင်ရာအစည်းအဝေးအား နံနက် (၉း၀၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ ဖိတ်ကြားထားသော အဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် Tourism Master Plan သည် ခရီးသွားကဏ္ဍတခုလုံးအတွက် အလွန်အရေးကြီးပါကြောင်း၊ ယခင်ရေးဆွဲခဲ့သော Tourism Master Plan သည် သက်တမ်းကုန်လွန်နေပြီဖြစ်သည့်အတွက် ယနေ့ခေတ်အခြေအနေများနှင့် ကိုက်ညီမှုရှိသည့် Tourism Master Plan အသစ်တခုထပ်မံရေးဆွဲကြဖို့ လိုအပ်လာပြီးဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့စည်းများ၊ ပညာရှင်များ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်းရေးဆွဲပြီး ရရှိလာသည့် ရလဒ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြပြီး လိုအပ်သည်များ ဆက်လက်ညှိနှိုင်းဆွေးနွေးကာ ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပရသည့် အစည်းအဝေးမှာ ခရီးသွားကဏ္ဍအတွက် အလွန်အရေးကြီးသော ခြေလှမ်းတခုဖြစ်ပါကြောင်း ပြောကြားကာ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁၂း၃၀)တွင် ရုတ်သိမ်းခဲ့သည်။