Loading

23 July 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ နေ့လယ် (၁၂း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၃/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၂/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ ကော်မတီမှ ဆုံးဖြတ်ရန်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များသတ်မှတ်ခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ လိုအပ်သည်များ ဆွေးနွေးအကြံပြုကြပြီး အစည်းအဝေးအား နေ့လယ် (၂း၀၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။