Loading

6 August 2024 _____ Hybrid Meeting
ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (Tourism Master Plan) ပြန်လည်ရေးဆွဲ‌ေရးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား နံနက် (၁၀း၀၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော အလုပ်အမှုဆောင်များနှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ Tourism Master Plan ပြန်လည်ရေးဆွဲရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးကြရာတွင် ခရီးသွားလုပ်ငန်းအပေါ်ပံ့ပိုးပေးမှုပတ်ဝန်းကျင်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ခြင်း၊ ဆက်သွယ်သွားလာမှု၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အခြေခံအအောက်အဦးများတိုးမြှင့်ရေးဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ အမည်အမှတ်တံဆိပ်အား ထင်ရှားပေါ်လွင်စေရန် မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်ခြင်း စသည့်ခေါင်းစဥ်များချမှတ်ဆွေးနွေးကြပြီး လိုအပ်သည်များအား တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၁း၃၀)တွင် ရုတ်သိမ်းခဲ့သည်။