Loading

13 August 2024 _____ Hybrid Meeting
ဒုတိယဥက္ကဋ္ဌလစ်လပ်နေရာများ ရွေးချယ်တင်မြှောက်ပွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နံနက် (၁၀း၀၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အနုညာတနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လစ်လပ်နေသော ဒုတိယဥက္ကဋ္ဌ (၂)နေရာအတွက် ပြန်လည်ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံ စည်းမျဥ်းများနှင့်အညီ ရွေးချယ်နိုင်ရေး စီစဥ်ထားရှိမှုတို့အား တင်ပြဆွေးနွေးခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၏ ရွေးချယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပြန်လည်တင်ပြခြင်း၊ ဆက်လက်၍ အနုညာတနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌမှ ဗဟိုအလုပ်မှုဆောင်နှင့် အလုပ်အမှုဆောင်များ၏ အများသဘောဆန္ဒများအား ဖွဲ့စည်းပုံအခြေခံစည်းမျဥ်များနှင့်အညီ အောင်မြင်စွာရွေးချယ်နိုင်ရေး အကြံပြုဆွေးနွေးခြင်း၊ ၄င်းနောက် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နံနက် (၁၁း၃၀)တွင် ရုတ်သိမ်းခဲ့သည်။