Loading

22 August 2024 _________ MTF
၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်၊ နံနက် (၁၀း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ Harvestnet Sdn. Bhd. ၏ CEO & Co-Founder ဖြစ်သူ Mr. Nyuo Wei Fang နှင့် ကိုယ်စားလှယ် ဦးဇာနီတင်မြင့်တို့ မှ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက လက်ခံတွေ့ဆုံပြီး Harvestnet Sdn. Bhd.မှ CEO & Co-Founder ဖြစ်သူ Mr. Nyuo Wei Fang မှ ယခုလိုတွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လာရောက်တွေ့ဆုံသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ Presentation ဖြင့် ရှင်းလင်းတင်ပြရာတွင် ၄င်းတို့လက်ရှိလုပ်ကိုင်နေသော Upsizze Applicationနှင့်ပတ်သက်၍ ဦးစွာ ရှင်းလင်းတင်ပြလိုပါကြောင်း၊ ၄င်း application သည် ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကားအငှားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများပေးနေသော Application တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်ဆက်စပ်နေသော ခရီးသွားနယ်ပယ်မှ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများအား ၄င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်လိုပါကြောင်း ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တက်ရောက်သူများမှ သိလိုသည်များအား မေးမြန်းကာ အစည်းအဝေးအား နံနက် (၁၁း၃၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။