Loading

31 August 2024 _______ Hybrid Meeting   ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/ စီမံခန့်ခွဲရေးကော်မတီ (ဗစ-၆ ၂၃-၂၆) ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒုတိယဥက္ကဋ္ဌလစ်လပ်နေရာများ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

အစီအစဥ်ပထမပိုင်းတွင်  အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချူပ်၏ လစဥ်အသုံးစရိတ်နှင့် လက်ကျန်ငွေ ဘဏ္ဍာရေးရှင်းတမ်းအား ရှင်းလင်းတင်ပြခြင်းနှင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်အတွက် အဖွဲ့ချုပ် အခွန်ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှုးမှ တင်ပြခြင်း၊ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ရှိသူများမှ လှုပ်ရှားဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ချုပ် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် သီးခြားတင်ပြလာသော ကိစ္စရပ်များအား တက်ရောက်လာသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစီအစဥ် ဒုတိယပိုင်းတွင် ဒုတိယဥက္ကဋ္ဌလစ်လပ်နေရာများ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးသဘာပတိ အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ ရွေးချယ်ရေးဆိုင်ရာ စည်းကမ်းများနှင့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ပြီး လစ်လပ်နေသော ဒုတိယဥက္ကဋ္ဌ (၂)နေရာအတွက် အဆိုပြုသူ (၃)ဦးအနက်မှ အွန်လိုင်းစနစ်ဖြင့် ရွေးချယ်ရာ လက်ရှိဗဟိုအလုပ်အမှုဆောင် (၂၁)ဦးမှ အသီးသီးမဲပေးခဲ့ကြပြီး မဲရလဒ်များအား သဘာပတိမှ ကြေငြာရာတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးကြည်နှင့် ယခင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးသက်လွင်တိုးတို့သည် မဲရလဒ်အများဆုံးဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌများအဖြစ် ကြေငြာခဲ့ပြီး အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားအား နေ့လယ်(၃း၀၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။