Loading

03 September 2024 _________ MTF
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နေ့လယ် (၁၂း၃၀)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MTHRDA)မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်သစ်များ လက်ခံတွေ့ဆုံပွဲသို့ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
သြဂုတ်လ (၁၁)ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MTHRDA)၏ ၂၀၂၄-၂၀၂၆ ခုနှစ် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်သစ်များမှ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံနှုတ်ဆက်ပြီး လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အဖွဲ့ချုပ်နှင့် အတူ ပူးပေါင်းဆောင်ရွယ်မည့် အစီအစဥ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြကာ အမှတ်တရ ဓါတ်ပုံများရိုက်ကူးကြပြီး တွေ့ဆုံပွဲအား နေ့လယ် (၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။