Loading

11 September 2024 _________ Hybrid Meeting
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်၊ နံနက် (၁၀))နာရီတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်/ဖြည့်စွက်ရေးလုပ်ငန်း အနုညာတနှင့် ဥပဒေရေးရာကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပထမဦးစွာ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်စား ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လုပ်ငန်းအဖွဲ့ဝင်များမှ မိတ်ဆက်စကားပြောကြားခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်/ဖြည့်စွက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးများတွင် လိုက်နာရမည့် SOP များအား ကော်မတီအတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊ ယနေ့တွင် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပါ အခန်း ၁ နှင့် ၂ ၏ ပြင်ဆင်/ဖြည့်စွက်ရန်လိုအပ်သည်တို့အား ညှိနှိုင်းဆွေးနွေးကြပြီး ကျန်ရှိသည်တို့အား အပတ်စဥ် အခန်း(Chapter)လိုက် အသေးစိတ် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အစည်းအဝေးအား နေ့လယ် (၃)နာရီတွင် ရုတ်သိမ်းလိုက်သည်။