Loading

27 September 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၅/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် MOU လက်မှတ်ရေးထိုးပွဲအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်လင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊
ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်မှ ရေးဘေးသင့်ပြည်သူများအတွက် လှူဒါန်းပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ သီးခြားအရေးကြီးကိစ္စရပ်များအား တင်ပြဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ တင်ပြခြင်း၊ ညီနောင်အသင်းများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာအသင်းတာဝန်ရှိသူများမှ တင်ပြဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ညနေ(၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။
ဆက်လက်ပြီး Silver Sea International Ltd. မှ စီစဥ်ကျင်းပမည့် “Yangon International Trade Expo /Medical, Hospital, Health & Beauty Care Myanmar 2024/ Myanmar Education & Further Study 2024” ပြပွဲ ကျင်းပရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် Supported Organization အဖြစ်ပါဝင် ကူညီပေးရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအား ဆက်လက်ကျင်းပရာ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ Silver Sea International Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇာနည်တင်မြင့်တို့တက်ရောက်ကြပြီး ပြပွဲ ကျင်းပရေးအတွက် နှစ်ဘက်သဘောတူညီချက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။