Loading

04 October 2024 _____ Hybrid Meeting
ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (Tourism Master Plan) ပြန်လည်ရေးဆွဲရေးဆိုင်ရာအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်၊ မွန်းလွဲ (၂) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများ၊ ပြင်ပခရီးသွားတတ်သိပညာရှင် အဖွဲ့ချုပ်အကြံပေးနှင့် အခြား ဖိတ်ကြားထားသော စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်မှ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းပြန်လည်ရေးဆွဲရေးနှင့် ပတ်သက်၍ လိုအပ်သည်များအကြံပြုဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းပြည်လည်ရေးဆွဲရေးစီမံကိန်း၏ ရလဒ်များအား ခရီးသွားတတ်သိပညာရှင် အဖွဲ့ချုပ်အကြံပေး ဒေါ်ကြည်ကြည်အေးမှ အကျဥ်းချုပ် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း၏ Pillar 1 နှင့် 5 နှင့်ပတ်သက်၍ ထပ်မံအကြံပြုချက်များအား ဆွေးနွေးတင်ပြခြင်း၊ နောက်အပတ်အစည်းအဝေးအတွက် Agenda သတ်မှတ်ခြင်းနှင့် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ညနေ(၄)နာရီတွင် ရုတ်သိမ်းလိုက်သည်။