Loading

9-11 October 2024 _____ Sedona Hotel, Yangon.
အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ Sedona Hotel ၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးလာရေးအတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျွမ်းကျင်မှုစံသတ်မှတ်ချက်များ၊ အပြန်အလှန် အသိအမှတ်ပြုမှုအစီအစဉ်များလည်း ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်သည်။
အဆိုပါ အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်လျှက်ရှိကြောင်းသိရှိရသည်။