4 March 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွုဲချုပ်၏ ဖွဲ့စည်းအခြေခံစည်းမျဥ်းပြင်ဆင် / ဖြည့်စွက်ရေးလုပ်ငန်းအဖွဲ့မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဥ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြခြင်းအစည်းအဝေးအား မတ်လ(၄)ရက်နေ့ နံနက် (၉)နာရီခွဲတွင် Hybrid meeting စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဖွဲ့စည်းအခြေခံစည်းမျဥ်းပြင်ဆင် / ဖြည့်စွက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖွဲ့စည်းအခြေခံစည်းမျဥ်းပြင်ဆင် / ဖြည့်စွက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသီတာမိုးမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပြင်ဆင်/ဖြည့်စွက်ရေးအတွက် အချိန် (၃)လခန့် ကြာမြင့်ခဲ့ပါကြောင်း၊ အပတ်စဥ်အစည်းအဝေးများပြုလုပ်ကာ အဖွဲ့ဝင်များနှင့် အသေးစိတ်ဆွေးနွေးပြီး လိုအပ်သည်များအား အစည်းအဝေး (၁၁)ကြိမ်တိုင်တိုင်ကျင်းပကာ ပြင်ဆင်ထားပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ပြင်ဆင်ထည့်သွင်းလိုသော အချက်များကိုလည်း တောင်းခံ၍ စိစစ်ပြင်ဆင်ခဲ့ပါကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ကြသူများမှ ပြင်ဆင်ခဲ့သည့်အချက်များအပေါ် လိုအပ်သည်များအား အကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား လာမည့် မတ်လ (၁၁)ရက်နေ့တွင် ဆက်လက်ကျင်ပသွားမည်ဖြစ်ကြောင်း သိရှိရသည်။