27 June 2025 _______________ Yangon Convention Centre, Yangon.
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ပံ့ပိုးကူညီမှုဖြင့် Silver Sea International Co., Ltd.မှ စီစဥ်သော “မြန်မာ့စားသောက်ကုန်ဆိုင်ရာပြပွဲနှင့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖီးလုပ်ငန်းဆိုင်ရာပြပွဲ” Food & Beverage Myanmar 2025 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်တိုး တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြပွဲသည် ရန်ကုန်မြို့ ၊ အင်းလျားကန် ဟိုတယ်ဝင်း အတွင်းရှိ ရန်ကုန် ကွန်းဗင်းရှင်းစင်တာ YCC ခန်းမတွင် ဇွန်လ (၂၇-၂၉)ရက်နေ့ထိ ကျင်းပနေပြီး ယနေ့ နောက်ဆုံးနေ့အဖြစ် မြန်မာ့စားသောက်ကုန်များ ပြည်တွင်းပြည်ပစျေးကွက်ပိုမိုသိရှိလာစေရန်၊ ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်း၊ နည်းပညာနှင့် ထုတ်လုပ်မှု၊ ထုတ်ပိုးမှုစက်ပစ္စည်းများကို မိတ်ဆက်ပြသ ရောင်းချနိုင်ရန် ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာအဆင့်ကို ပိုမိုလျှင်မြန်စွာ တက်လှမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း (၁၀၀)ကျော်မှ ပြည်တွင်းပြည်ပထုတ် စားသောက်ကုန် ထုတ်လုပ်မှုဆိုင်ရာ ကုန်ကြမ်းများ၊ အနှံ့အရသာများ၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများ၊ အအေးခန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှုဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှုများ၊ သစ်သီးဝလံများ၊ သားငါးနို့ထွက်ပစ္စည်းများ၊ ဟိုတယ်၊ စာသောက်ဆိုင်နှင့် ကဖီးဆိုင်သုံး၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိုင်တီနည်းစနစ်များ၊ စားသောက်ဆိုင် ဖရန်ချိုက်စ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများစွာ ပါဝင်ပြသနေကြောင်း သတင်းရရှိသည်။