28 June 2025 ________ Webinar
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် “The Perspective of Marine Ecotourism in Myanmar” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အွန်လိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး Shan Yoma Travel & Tours Co., Ltd. ၏ မန်းနေဂျင်းဒါရိုက်တာ ဦးလှအေးက Presentation ဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ဂေဟစနစ် ခရီးသွားလုပ်ငန်း၏ အခြေခံမူများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းတို့ ကွာခြားချက်၊ မြန်မာ့ပင်လယ်ပြင်နှင့် ဂေဟစနစ်၏ လက်ရှိအခြေအနေ၊ ရေရှည်တည်တံ့သော ပင်လယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လိုအပ်ချက်များ၊ ပြည်သူများ၏ အသိပညာမြှင့်တင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ အလားအလာများနှင့် စိန်ခေါ်မှုများ စသည်တို့အား ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ အသင်းဝင်များ၊ ညီနောင်အသင်းများမှ စိတ်ပါဝင်စားသူများ၊ ပညာရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်ပယ်မှ လူပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပင်လယ်ဂေဟစနစ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အကြံပြုချက်များအား တက်ရောက်လာကြသူများမှ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။



